Overview

Senior Admin Executive (Fleet) Jobs in Yangon Region, Myanmar at The Perpetual Company Limited

Title: Senior Admin Executive (Fleet)

Company: The Perpetual Company Limited

Location: Yangon Region, Myanmar

ကုမ္ပဏီအမည်: The Perpetual Company

လုပ်ငန်းခွင်တည်နေရာ: Times City, Office Tower (2)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

အလုပ်တာဝန်များ

၁။ စီမံခန့်ခွဲခြင်း 

• ကုမ္ပဏီပိုင် ယာဉ်များ(၁၁စီး၊ County Ford, Isszu, Ertiga, Succeed, Hiject, Carry pro, KIA) ၏ နေ့စဉ်အသုံးပြုမှု၊ ခရီးစဉ်လမ်းကြောင်းများနှင့် မောင်းနှင်မှု အချိန်ဇယားများကို စနစ်တကျ စီမံခန့်ခွဲရမည်။

• ယာဉ်မောင်းများ၏ တက်ရောက်မှု၊ အလုပ်ချိန်နှင့် အကျင့်စာရိတ္တပိုင်းများကို ကြီးကြပ် ကွပ်ကဲ ရမည်။

• ယာဉ်များ၏ GPS tracking စနစ်ကို စောင့်ကြည့်ပြီး လမ်းကြောင်းလွဲချော်မှုနှင့် အချိန်ကြန့်ကြာ မှုများ မရှိစေရန် ထိန်းချုပ်ရမည်။

• ယာဉ်အာမခံ (Insurance)၊ ယာဉ်လိုင်စင်ကိစ္စရပ်များနှင့် သက်တမ်းတိုးခြင်းများကို အချိန်မီ ဆောင်ရွက်ရမည်။

• ဆီစားနှုန်းကို တွက်ချက်စစ်ဆေးပြီး လေလွင့်ဆုံးရှုံးမှု မရှိအောင် ထိန်းချုပ်ရမည်။

၂။ ပြုပြင်ထိန်းသိမ်းခြင်း

• ယာဉ်များ သတ်မှတ်မိုင်အလိုက် ပုံမှန်စစ်ဆေးခြင်း၊ ဇယားများ ရေးဆွဲပြီး အကောင်အထည် ဖော်ရမည်။

• ယာဉ်ချို့ယွင်းမှုများ ဖြစ်ပွားပါက ဝပ်ရှော့များနှင့် ချိတ်ဆက်၍ အမြန်ဆုံး ပြုပြင်လဲလှယ်ရမည်။

• လဲလှယ်အသုံးပြုသည့် ယာဉ်အပိုပစ္စည်းများ၏ အရည်အသွေးနှင့် ကုန်ကျစရိတ်များကို စစ်ဆေး ကြီးကြပ်ရမည်။

• ယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေကို မှတ်တမ်းစနစ်တကျ ထားရှိရမည်။

၃။ အရည်အချင်းနှင့် ကျွမ်းကျင်မှုများ

• ပညာအရည်အချင်း: ဘွဲ့ရရှိပြီးသူ ဖြစ်ရမည် (သို့) ဘွဲ့ရရှိသူများကို ဦးစားပေးမည်။

• လုပ်ငန်းအတွေ့အကြုံ: မော်တော်ယာဉ်မှူးလုပ်သက် အနည်းဆုံး (၃ နှစ်) ရှိရမည်။

• ကျွမ်းကျင်မှု: Fleet Management Software/ GPS Tracking စနစ်များကို အသုံးပြုတတ်ရမည်။

• ကွန်ပျူတာကျွမ်းကျင်မှု: Microsoft Office (Word, Excel) ကို စနစ်တကျ အသုံးပြုပြီး Report တင်ပြနိုင်ရမည်။

• ဦးဆောင်နိုင်မှု: ယာဉ်မောင်းများနှင့် ဝပ်ရှော့သမားများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ပြဿနာများကို အမြန်ဖြေရှင်းနိုင်စွမ်းရှိရမည်။

• ကိုင်တွယ်ဖြေရှင်းနိုင်မှု: ယာဉ်မတော်တဆမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။

စိတ်ပါဝင်စားသူများသည် လုပ်ငန်းအတွေ့အကြုံ ထောက်ခံစာတို့ဖြင့် ဖုန်းနံပါတ် 09-451857201 ကိုလည်း ဆက်သွယ်ပြီး ကိုယ်ရေးရာဇဝင် (CV Form) ပေးပို့လျှောက်ထားနိုင်ပါသည်။

Upload your CV/resume or any other relevant file. Max. file size: 800 MB.